ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Saturday, December 4, 2010

ဖေ့စ်ဘုတ် လိ (ခ်)

ခုတလော ဝီကီလိ (ခ်) (Wikileaks) ကနေ သံတမန်အချင်းချင်း အလွတ်သဘောပြောတဲ့ စာတွေ၊ စစ်ပွဲဆိုင်ရာ အချက်အလက်တွေ ပေါက်ကြားလို့ အစိုးရအချင်းချင်း မျက်နှာပျက်ရတာတွေရော၊ မီဒီယာတွေက အဆက်မပြတ် ဖော်ပြတာတွေရော၊ ဝေဖန်ခံရတာတွေရော ညံသွားပါတယ်။

မြန်မာနဲ့ ပတ်သက်တာတွေ ရှာကြပေမယ့် တချို့နိုင်ငံတွေက ဝီကီလိ (ခ်) ကို ဘန်းထားတာကြောင့်ရော၊ စာပေါင်းများစွာထဲမှာ သေသေချာချာ ရှာဖွေဖို့ ခက်တာကြောင့်ရော မြန်မာအစိုးရ၊ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ ပတ်သက်တာတွေ ပြောရလောက်အောင် မတွေ့ရသေးပါဘူး။

တချို့ကလည်း ဝီကီလိ (ခ်) သာ ထိုင်ငိုသွားမယ်။ နအဖ စစ်အစိုးရဆီက ဘာမှ ပေါက်ကြားမှာ မဟုတ်ဘူးလို့လည်း ပြောနေကြပါတယ်။ ဒါပေမယ့် စိတ်ဝင်စားဖို့ ကောင်းတာက မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်တခုက Facebook ကနေ ပေါက်ကြားလာတာပါ။

ပထမမှာ ဦးခင်ညွန့်ကို ရဲချုပ်ခင်ရီက လာခေါ်ထုတ်သွားတဲ့ အခွေ အသံမပါဘဲ ထွက်လာပါတယ်။ မီဒီယာတွေမှာ ရေးကြ ပြောကြ ဆွေးနွေးကြနဲ့။ အခုလည်း အသံပါတဲ့ ဖိုင်ပါ ထပ်ထွက်လာပါပြီ။ (အောက်က ပို့စ်မှာ ဖော်ပြထားပါတယ်)

မြန်မာတွေအတွက်ကတော့ ဝီကီလိ (ခ်) မဟုတ်ဘဲ ဖေ့ဘုတ်စ် လိ (ခ်) ဖြစ်နေပါပြီ။ ဘာတွေ ထပ်ထွက်လာဦးမလဲဆိုတာ ကြည့်ရပါဦးမယ်။

ခက်ထန်

4 comments:

မြန်မာစစ်တပ်က ကွန်ပျူတာမှ မသုံးတာ ဘယ်လိုလုပ်ပြီး ကွန်ပျူတာထဲကနေ သတင်းအချက်လက်တွေကို ဟတ်ပြီးယူနိုင်မှာလဲ။ဟတ်ကာတွေအတွက်တော့ မြန်မာစစ်တပ်က so so sorry ပဲလို့ ပြောလိုက်ပါရစေ ;)

wikileaks.org ကဖွင့်လို့ မရဘူး။ www.wikileaks.ch မှာဝင်လို့ ရကြောင်းပါ..

အမေရိကန် အပုပ်နံ့တွေ ဖတ်ကောင်းနေတာနဲ့ မြန်မာ့အရေး ၀ီကီလိမှာ ရှာမကြည့်ရသေးဘူး။ အခုအသုတ်ထဲမှာ ပါမှ ပါပါ့မလား။

Yes, there are over 200 papers about our Land. But most of them are Unclassified/Official Use only.

http://www.spiegel.de/flash/flash-24861.html
You can download via Torrent P2P Network the whole files.