ဝီကီလိစ်က ပေါက်ကြားလာတဲ့ လျှို့ဝှက်စာတစောင်မှာ စင်ကာပူ ဝါရင့်နိုင်ငံရေးခေါင်းဆောင် လီကွမ်ယူက ဗိုလ်သန်းရွှေ အပါအဝင် စစ်ဗိုလ်ချုပ်တွေကို “ငမိုက်သား”၊ “ထုံပေပေ” တွေလို့ ပြောကြောင်း ဖော်ပြထားပါတယ်။
၂၀၀၇ လောက်တုန်းက အမေရိကန် အရာရှိတွေနဲ့ မစ္စတာ လီကွမ်ယူတို့ တွေ့ဆုံကြစဉ်မှာ အဲဒီလို ပြောတာ ဖြစ်ပါသတဲ့။
မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရတာဟာ “လူသေကို စကားပြောနေရသလိုပဲ” လို့လည်း မစ္စတာ လီကွမ်ယူက ပြောပါသေးတယ်။
ကိုးကား - AP
ငမိုက်သား ထုံပေပေ
4 comments :
-
This comment has been removed by a blog administrator.
-
အောင်မငီး...လှလိုက်တဲ့ပုံလေး။ကျက်သရေမရှိ မင်္ဂလာမရှိ။ပြောခံရတာနည်းတောင်နည်းသေးတယ်။
-
အန်ကယ် လီကွမ်ယုရေ ထုံပေပေ ဆိုပြီး လျှော့မတွက်နဲ့နော် ငနဲက ကြောင်သူတော်၊ကြွက်သူခိုးဗျ တိုင်းပြည်နဲ့ လူမျိုးအတွက် ထုံပေပေ ရှိပေမယ့်လည်း မယားအတွက် သမီးတွေအတွက် မြေးတွေအတွက် မထုံဘူးဗျ...ရသလောက်ကို ခိုးတာ...ညစ်ပတ်တဲ့ နေရာမှာလည်း ထိပ်တန်းကနော် ရက်စက်၊ယုတ်မာ ကောက်ကျစ်၊ အကြံပက်စက်တာ ကမ္ဘာမှာ သူ့ကို တုမယ့်လူ မပြောနဲ့ တိရိစ္ဆာန်တောင် မရှိဘူးဗျ...
Post a Comment
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။
ဘလော့ဂ် အကြောင်း
တပတ်အတွင်း အဖတ်အများဆုံး
-
ပုသိမ်မြို့မှာ ဒီလ ၉ ရက်နေ့က ရုပ်ရှင်မင်းသားတွေနဲ့ ၀ါရင့်ဘောလုံးသမားတွေရဲ့ ဘောလုံးပွဲမှာ ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေးအားလုံးကို ပုသိမ်က မိ...
-
မြေအောက် ဂီတလောကမှာ အထင်ကရ ဟစ်ဟော့ပ် အဆိုတော်တဦးဖြစ်တဲ့ YAK သဇင် ရဲ့ သီချင်းတပုဒ် နာမည်က ဖာရုပ် ဖြစ်ပါတယ်။ ဒီသီချင်းက ဘာကို ရည်ရွယ်တာလဲ...
-
ဒီရက်ပိုင်း သတင်းထောက်တွေ တကောက်ကောက်လိုက်တာခံရမှာကတော့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုး ဖြစ်ပါလိမ့်မယ်။ နန်းဆုရတီစိုး ခန္ဓာကိုယ် အစိ...
-
မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေကို ထပ်မံ မဖန်တီးရန် မလေးရှား အစိုးရ က သတိပေးလိုက်ပါတယ်တဲ့။ မလေးရှ...
-
စတားဘတ်က သူ့ရဲ့ ဟောင်ကောင်ကဆိုင်ခွဲတခုမှာ အိမ်သာထဲက ရေဘုံဘိုင်ကို သုံးမိခဲ့တဲ့အတွက် တောင်းပန်လိုက်ပါပြီ။ တောင်းပန်စာ မူရင်းကို သူတို့ရ...
စင်ကာပူ နိုင်ငံ ခေါင်းဆောင် တယောက်ဖြစ်ခဲ့တဲ့ သူက ဗမာ နအဖ စစ်ဘိုချုပ်တွေကို ဒီလို မှတ်ချက်ချတာ လွန်တယ်လို့ မထင်မိပါ။ ဒါ အယဉ်ကျေးဆုံး ပြောခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒီ မှတ်ချက်ရဲ့နောက်ကွယ်က စကားလုံးတွေကတော့  လက်ရှိစစ်ဘိုချုပ်တွေဟာ နဲနဲလေးမှ အသုံးမကျတဲ့ သူတွေလို့ ဆိုလိုတာပါ။ သံယံဇာတ အင်မတန် ပေါကြွယ်ဝ တဲ့ တိုင်းပြည် ၊ လူသား အရင်းအမြစ် ဥာဏ်ရည် ဖွံ့ဖြိုးမှု ရှိသင့်သလောက် ရှိပါရက်နဲ့ ဒီလို တိုင်းပြည် တခု ရဲ့ ပြည်သူပြည်သားတွေနဲ့ တကွ နိုင်ငံတခုလုံး ရစရာ မရှိအောင် ပျက်စီး ခြစားပြီး ဒုက္ခအတိ ရောက်နေကြတာဟာ ဘာကိုပြသလဲဆိုတော့ လက်ရှိ ဇွတ်အတင်း အုပ်ချုပ်နေတဲ့ စစ်ဘိုတွေ ဘယ်လောက် ညံ့ဖျင်းသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။ မတရား သဖြင့် စီးပွားရှာပြီး ချမ်းသာ နေကြတဲ့ စစ်ဘိုချုပ်တွေ ရဲ့ သားသမီးဆွေမျိုးတွေ ကတော့ သဘောတူမယ် မဟုတ်ပါ။ ဘဘ လီကွမ်ယု ရဲ့စကား ကို ဗမာ စစ်ဘိုချုပ်တွေ အနေနဲ့ ရှက်တတ်မယ်ဆိုရင် ရှက်တာနဲ့တင် သေလို့ရတယ်။ ဒါပေမဲ့ အာဏာရစ်မူးပြီး တိုင်းပြည်နဲ့ လူမျိုးအပေါ် အတင်းအဓမ္မ မုဒိန်းကျင့် နေတဲ့သူတွေ အဖို့ကတော့ ရှက်ရကောင်းမှန်း မသိနိုင်ပါ။ ရသမျှကို အိပ်ထဲထဲ့ရင်း တဆွေလုံး တမျိုးလုံး စင်ကာပူမှာ ဈေးဝယ်ထွက် ဆေးကု ကျောင်းထား ကျောင်းတက် နေကြတာ အံ့သြစရာပါ။ အနောက်နိုင်ငံတွေကို သူတို့ပဲ မကောင်းပြောပြီး သူတို့ သားသမီး တွေ မြေးတွေကို အဲဒီမှာ ပို့ထား ကျောင်းထား ချင်သူတွေပါ။ သူတို့ အဖို့တော့ အရှက်ဆိုတာ ဂျိုနဲ့လား လို့ မေးယူရမှာပါ။ ဘာပဲဖြစ်ဖြစ် ဘဘ လီကွမ်ယု ရဲ့ စကားဟာ သာမန် ကျွန်တော့လို မြန်မာ ပြည်သား တယောက်အတွက် မှတ်သား စရာပါ။ စစ်ဘိုတွေ မရှက်ပေမဲ့ ကျွန်တော် ရှက်ပါတယ်။ ကိုယ့်အိမ်နီးနားချင်း က ကိုယ့်အိမ်တွင်းရေးနဲ့ ပတ်သက်လို့ တိုက်ရိုက်ဝင်မစွက်ပေမဲ့ သူပြောခဲ့တာက မြန်မာပြည်သူတွေ အတွက် မှတ်သား စရာ ကျန်ခဲ့ပါတယ်။ ဘဘ လီကွမ်ယု ကို လေးစါးပါတယ်။ သူလိုလူ စင်ကာပူ တိုင်းပြည် မှာ ခေါင်းဆောင်ဖြစ်ခဲ့ တာ စင်ကာပူ လူမျိုးတွေ နိုင်ငံသားတွေ ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ မြန်မာ ပြည်သား တွေ အတွက်ကတော့ စစ်ဘိုချုပ်ကြီးတွေ အတွက် ရှက်ပြီးရင်း ရှက်ရင်း ရှက်လို့ မဆုံး ဖြစ်နေရတာ တွေ အဆုံး သတ်ချင်ပါပြီ။