ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Friday, November 12, 2010

နောက်ဆုံးရ ဒေါ်အောင်ဆန်းစုကြည် သတင်းများ

ဓာတ်ပုံ - AP

ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးရန် ယနေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က လက်မှတ်ထိုးသည်ဟု NLD ဒု ဥက္ကဌ ဦးတင်ဦး က ပြောကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံခြားသတင်းထောက် တဦးက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်းသည် သူ၏ မိခင်နှင့် တွေ့ဆုံရန် ယခုရက်အတွင်း မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာရရှိသည်ဟု အတည်မပြုနိုင်သေးသော သတင်းများအရ သိရသည်။ ကင်မ် အဲရစ်သည် ဗီဇာအကြိမ်ကြိမ် လျှောက်ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရပြီး ယခုအကြိမ်ဗီဇာရခဲ့လျှင် ၁၀ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်ဟု ဆိုနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည်ကို ကြိုဆိုသည့် အနေဖြင့် NLDပါတီ လူငယ်အဖွဲ့ဝင် ၁၀၀ ကျော်က ရန်ကုန်မြို့ရှိ ပြည်သူ့ ဆေးရုံကြီးများတွင် ယနေ့ သွေးလှူဒါန်းမှု ပြုလုပ်ကြောင်း သတင်းရသည်။ မနက်ဖြန် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်စေ့မည်ဖြစ်ပြီး စစ်အစိုးရက ပြန်လည် လွှတ်ပေးလိမ့်မည်ဟု အများက မျှော်လင့်နေကြသည်။

2 comments:

ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်းတောင် ပြည်ဝင်ခွင့်ရမယ်ဆိုတော့ အန်တီစုလွတ်မယ်ထင်ပါတယ်..