ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Friday, November 5, 2010

မွန်းလွဲချိန်မှာ နေဝင်သည်


ဝါဒဖြန့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးခဲ့တဲ့ စာရေးဆရာ ဒါရိုက်တာ ဒုတိယ ဗိုလ်မှူးကြီးဟောင်း တင်သန်းဦးသည် ယနေ့ နေ့လည် ၂ နာရီခန့်မှာ မင်္ဂလာဒုံ စစ်ဆေးရုံ၌ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းမှ သတင်းရရှိပါတယ်။

ဒါရိုက်တာ တဦးက“နှလုံးရောဂါ နဲ့ပဲ ဆုံးသွားတာပါ။ အရင်ကလည်း နှလုံးကို နှစ်ကြိမ်လောက် ခွဲစိပ်မှုတွေ လုပ်ခဲ့ဖူးတယ်။ နှလုံးအစားထိုး စက်တခု ထည့်ထားရတယ်လို့တောင် ပြောကြတယ်”လို့ ပြောပါတယ်။

တင်သန်းဦး ရဲ့ ဈာပနကိစ္စနဲ့ ပတ်သက်ပြီး ကျန်ရစ်သူမိသားစုတွေက ပြည်ပ သတင်းဌာနများကို ဖြေဆိုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ယင်းသို့ မဖြေဆိုခြင်းကြောင့် တင်သန်းဦးရဲ့ အသက် နဲ့ အခြား ကိုယ်ရေးဆိုင်ရာ အချက်အလက်တွေကို အတိအကျမသိရှိရပါဘူး။

၂၀၀၉ ခုနှစ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည်ဂုဏ်ပြုဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့တဲ့ “အာရုံဦးမှာ ဖူးသည့်ကြာ”အမည်ရ ဝါဒဖြန့်ရုပ်ရှင်ဇာတ်ကားကြောင့် ဒါရိုက်တာ တင်သန်းဦး များစွာ ဝေဖန်ခံ ခဲ့ရပါတယ်။

ယင်းဇာတ်ကားကို ရေးသားရိုက်ကူးသူ ဒါရိုက်တာ တင်သန်းဦးဟာ လုံးချင်း ဝတ္ထု စာအုပ်များရေးသား ထုတ်ဝေပြီး စစ်ကား များကို ရိုက်ကူးခဲ့ကာ ၁၉၈၈ မတိုင်မီ နှစ်များတွင် သူ၏စာအုပ်များသည် အရောင်းရဆုံး စာရင်း ဝင်ခဲ့ပါတယ်။

သို့သော် ၁၉၈၈ အရေးခင်းမှာ စစ်တပ်က အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် စစ်တပ်နဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်း တွေကို ပရိသတ်များက စိတ်ဝင်စားမှုလျော့ပါးလာပြီး တင်သန်းဦး၏ စာအုပ်များ အရောင်းထိုင်းစာရင်းဝင်ခဲ့ပါတယ်။

တင်သန်းဦးဟာ တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာနမှာ အနှစ် ၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် မှာတော့ ဦးစီးအရာရှိ ပထမတန်း၊ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ဖြင့် အနားယူခဲ့ပါတယ်။

14 comments:

အဲ့ဒါပေါ့ သေခါနီးမှာ ကိုယ့်သမိုင်းကြောင်းကို ကိုယ်ကိုယ်တိုင် မလှအောင် လုပ်သွားတာ...

ဝမ်းနည်းစရာမရှိပါဘူး၊လက်ကိုင်တုတ်တချောင်းကျိုးသွားတာပေါ့။

ထိုင်နေတဲ့သူက ဦးမြင့်သိန်းဖေနော်။ တင်သန်းဦးမဟုတ်ဘူး ။
ဘေးက ရပ်နေတဲ့သူကတော့ တင်သန်းဦးနဲ့ဆင်တယ် ။မသေချာ ဘူး။သေချာပြန်စစ်ဆေးကြည့်ပါအုံး ။ ။
ဦးမြင့်သိန်းဖေဟာ မော်ကွန်းရုပ်ရှင်ညွန်မှူးပါ။

လေးစားလျက်

မင်းဒင်

မြန်မြန်သွားတော့ဝမ်းနည်းတာပေါ့ နောက်ထပ်သမိုင်းအလိမ်ကားတွေမ
ကြည့် ရတော့ဘူးပေါ့။

သနားလိုက်တာ..သနားလိုက်တာ..:)))) ဟီး.

atahy saw lo. wan tar hla chi ye',

အင်း.......one forest clear...တစ်တောရှင်းသွားတာပေါ့

ငရဲမှာလည်း စစ်အစိုးရ အတွက် ၀ါဒဖြန့် ဖို့  ဆက်လုပ်လိုက်ပါအုံး။

မြန်မြန်သေတာအေးတယ်။

ဝမ်းနည်းလိုက်တာ သေတာ နောက်ကျလို့။

တင်သန်းဦး ။ အမည်ရင်း မောင်မောင်ဦး ဒီအက်အေ ၁၆ လားမသေချာ၊ အဖေ ဦးတင်သန်း (စာရေးဆရာ ငွေမောင်း ၊ အလံနီပါတီ တောတွင်း နေစဉ်ကတည်းက သော်တာဆွေ နှင့်ဆက် ၊ အဟိစာစောင်(ထင်သည်)တွင်စာရေး ။ လက်နက်ချပြီး ၇မိုင်ရွာတန်းရှေတွင်နေ)။

သြော်....အနိစ္စ အမြဲမရှိ၊ သမိုင်းကြောင်း ကောင်းအောင်မနေခဲ့ ဘူးပေါ့ ။

ဗိုလ်မူးကြီးရေ
အသေစောလို.
ဝမ်းနည်းရပါသည်။
ပြည်တွင်းကသူပုန်တွေနဲ.
ပြည်ပကသကန်တွေကတော.
ဗိုလ်မူးကြီးမရှိလို.၀မ်းသာနေပါပြီ။

ရဲဘော်မောင်တူး(ပျဉ်းမငုတ်တို)

should die much more eailer.