ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Saturday, November 6, 2010

ဘားအံထောင်တွင်း အစာငတ်ခံ ဆန္ဒပြမှု

မနက်ဖြန် ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံးအတွက် ရည်ရွယ်ပြီးတော့ ဘားအံထောင်မှာ စစ်အစိုးရက ထောင်ချထားတဲ့ ကိုကျော်ကျော်နိုင် ဒီနေ့မနက် ၈ နာရီကစပြီး ထောင်တွင်း အစာငတ်ခံဆန္ဒပြမှု စတင်လိုက်တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် မဖြူဖြူသင်းက “အခုသတင်းကို ကိုကျော်ကျော်နိုင် ကိုယ်တိုင် သူ့ လက်ရေးနဲ့ ထုတ်ပေးလိုက်တာ။ ဒီကိစ္စကို ထုတ်မပြောဘူးဆိုရင် သူ ဘာသတင်းမှ မကြားရဘဲနဲ့ ပျောက်သွားမှာ စိုးလို့ပါ” လို့ ဧရာဝတီကို ပြောပါတယ်။

ကိုကျော်ကျော်နိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းရုံးရေးမှူးတဦး ဖြစ်ပြီး ၂၀၀၇ ခုနှစ် စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ ဖမ်းဆီးပြီး ထောင်ဒဏ် ၁၄ နှစ် အပြစ် ပေးခံခဲ့ရပါတယ်။

3 comments:

ဖေါက်ပြန်ရေးသမား၊သစ္စာဖေါက် NDF နဲ့ DP၊ မင်းတို့ကောင်တွေအခုကိုကျော်ကျော်နိုင်တယောက်ရွေးကောက်ပွဲကိုထောင်ထဲကနေဆန္ဒပြနိုင်တယ်။ မင်းတို့ကောင်တွေတိုင်းပြည်နဲ့လူမျိုးကိုချစ်တယ်မှန်ရင်ဒီနေ့နောက်မကျခင်ရွေးကောက်ပွဲကိုသပိတ်မှောက်ပြီးထွက်လာကြပါလားကွ။
ကိုကျော်ကျော်နိုင်ရေ၊ ခင်ဗျားတို့၊ကျနော်တို့အားလုံးဒီစစ်ကျွန်ဘဝကလွတ်အောင်နက်ဖြန်ခါတနိုင်ငံလုံးမဲမပေးဘူး၊မဲရုံမသွားဘူး။ ပြည်လုံးကျွတ်သပိတ်မှောက်ကြမယ်။

ကို ကျော်ကျော် နိုင် (မျိုးချစ်သူရဲကောင်း)
ကိုကျော် လို လူမျိုးတွေ တိုင်ပြည်ထဲ မှာ အများကြီး ရှိပါတယ် .. ဒါပေမဲ့ ဘယ်သူမှ မလုပ်ရဲအောင် ဖိနှိပ်မှူ့တွေ အကျပ်ကိုင်မှု့တွေနဲ့ အားလုံး ရင် ဆိုင်နေရတဲ့အတွက် ငြိမ်နေကျရတယ်.. အချိန်တန်ရင် တော့ ဒီမိုကရေ ရမှာ အမှန်ပါဘဲ ကိုကျော် ရေ.. တိုင်ပြည်အတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်နေကျတဲ့ ရဲဘော် အားလုံး ဒီမိုကရေ စီ အမြန်ရပါစေလို့ ဆုတောင်းပေးနေပါတယ် ..တိုင်ပြည် တနေရာက ... မျိုး ချစ်အဖွဲ့ ၀င် တစ်ယောက် ...

အခြေအမြစ်မရှိသောသတင်း.....