ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Saturday, November 6, 2010

ခွန်အားဖြည့်မိငယ်

ဂီတကို ဘ၀အမောဖြေစရာအဖြစ် နားဆင်ကြတယ်။ သီချင်းဆိုတော့ စာသားတွေပါလာပြီ။ စာသားရဲ့ အဓိပ္ပာယ်အပေါ်ပါ ခံစားနားဆင်ကြတယ်။ "ရွေးကောက်ပွဲကြီး" နီးလို့ အလုပ်များနေကြတဲ့ ကြားက ခံစားနားဆင်ဖို့ သီချင်းတပုဒ် တင်ပေးလိုက်ပါတယ်။

ဒီသီချင်းက ဆင်ဆာ ခွင့်မပြုလို့ သိပ်ကျယ်ကျယ်ပြန့်ပြန့် မကြားရတော့ဘူး။ ၉၀ ၀န်းကျင်ကဆို လူငယ်တော်တော်များများရဲ့ ဂစ်တာဝိုင်းတွေမှာ နှစ်နှစ်သက်ကို ဆိုကြတယ်။

အခုဟာက Original။ မောင်လပြည့်ဝန်း သီချင်းရေးသူ ကိုနေ၀င်း (အခုခေတ် လူငယ်တွေအတွက်တော့ ဦးနေ၀င်း) ကိုယ်တိုင် ပြန်ဆိုထားတာ။ ကြားဖူးသလောက် ဂျပန်တော်လှန်ရေး ပြဇာတ်တပုဒ်ရဲ့ ဇာတ်ဝင်ခန်းအတွက် စပ်တယ်။ နောက် (ဦး) ခင်မောင်တိုးနဲ့ မဇ္ဈိမလှိုင်းတို့ တီးခတ်အသံသွင်းတော့ လူကြိုက်များတယ်။ အခုတော့ "အဖိုးကြီး" သီချင်းဖြစ်နေပြီ။ ဒါပေမယ့် စာသားတွေက ခေတ်မီနေတုန်း။

ကိုယ်တိုင်နားဆင်ရင်း ဝေဖန်အကဲခတ်ကြည့်ကြပေါ့ဗျာ။

ရဲနည်

0 comments: